“ဥပါသကာ ဆုတ်ယုတ်ကြောင်း (၇)မျိုး”
အကြောင်းအင်္ဂါ (၇)မျိုးကား -
... (၁) ရဟန်းသံဃာတော်များအား တွေ့ဆုံဖူးမြော်မူ ယုတ်လျော့ခြင်း၊
(၂) တရားနာယူမူ၌ မေ့လျော့ခြင်း၊
(၃) ကိုယ်ကျင့်သီလ လုံခြုံအောင် မစောင့်ထိန်းခြင်း၊
(၄) ရဟန်းသံဃာတော်များအပေါ်၌ ကြည်ညိုမူအားနည်းခြင်း၊
(၅) ခြုတ်ခြယ်စောင်းမြောင်းကာ အပြစ်ရှာလိုသောစိတ်ဖြင့် တရားနာယူခြင်း၊
(၆) သာသနာအပြင်ဘက်၌ မြတ်သောအလှူခံပုဂ္ဂိုလ် ရှိနိုး မြော်ကိုး ရှာမှီးခြင်း၊
(၇) ကုသိုလ်ကောင်းမူ ပြုလုပ်သောအခါလည်း သာသနာတော် အပြင်ဘက်၌သာ ဦးစားပေး ရှေးဦးစွာ ပြုလုပ်ပြီး သာသနာတော်၌ နောက်မှ ကုသိုလ်ကောင်းမူ ပြုလုပ်ခြင်း - တို့ဖြစ်သည်။
ဥပါသကာပြည့်စုံကြောင်း ဥပါသကာ အရည်အချင်းကောင်း (၇)မျိုးကိုလည်း အပြန်နည်းအားဖြင့် မှတ်ယူရာ၏။

No comments:
Post a Comment