Greeting

Friday, July 20, 2012

“ဥပါသကာ အယုတ် အမြတ်”

“ဥပါသကာ အယုတ် အမြတ်”

ဥပါသကာ၌ အောက်ပါအခြေခံအကြောင်း (၅)မျိုးရှိနေလျှင် ဖောက်ပြန်ပျက်စီးတတ်သည်။ အခြေခံအကြောင်း (၅)မျိုးကား -

(၁) သဒ္ဓါတရားမရှိခြင်း၊
...

(၂) သီလပျက်ခြင်း၊

(၃) ကောတုဟလ မင်္ဂလာခေါ် အထူးအဆန်းများကို ကြီးပွားကြောင်း မင်္ဂလာဟု ယုံကြည်ခြင်း (ကောင်းသော အရာကို မြင်ရ၊ ကြားရ၊ နံ၊ စား တွေ့ထိလျှင် မင်္ဂလာဟု ယုံကြည်ခြင်း) –

(၄) လောကီမင်္ဂလာခေါ် အထူးအဆန်းကိုသာ ယုံ၍ ကံကို မယုံကြည်ခြင်း၊

(၅) မြတ်စွာဘုရားသာသနာမှ အပြင်ပ၌ အလှူခံပုဂ္ဂိုလ်ကို ရှာ၍ ဦးစွာ ထိုပုဂ္ဂိုလ်အား လှူဒါန်းခြင်း၊ မြတ်နိုးခြင်း( သာသနာအပြင်ဘက်မှ သီလမရှိသူကို တကယ့်အလှူခံပုဂ္ဂိုလ်ဟု ထင်မှတ်၍ ထိုပုဂ္ဂိုလ်ကိုသာ ပေးလှူမူ မြတ်နိုးမူ ဦးစွာပြု၍ သာသနာကိုမူ နောက်မှ ပြုခြင်း) –တို့ဖြစ်သည်။

ထိုအကြောင်းတရား (၅)မျိုးတို့ကို အခြေခံ၍ ငါးပါးသီလ မလုံခြုံသူနှင့် အသက်မွေးဝမ်းကျောင်းမူ မစင်ကြယ်သောသူကို ပျက်စီးသော ဥပါသကာ(ဥပါသကာပျက်) ဟု ခေါ်ဆိုသည်။ ဥပါသကာဒွန်းစဏ္ဍား(ဥပါသကစဏ္ဍာလ)၊ ဥပါသကာအညစ်အကြေး(ဥပါသကမလ)၊ ဥပါသကာ အညံ့စား(ဥပါသကပတိကိဋ္ဌ) ဟု ခေါ်သည်။

ဖော်ပြပါ အကြောင်းတရား (၅)မျိုးတို့ကို အပြန်နည်းအားဖြင့်(ပြောင်းပြန်) ယူ၍ ငါးပါးသီလနှင့် အသက်မွေးဝမ်းကျောင်းမူ စင်ကြယ်လျှင် ပြည့်စုံသော ဥပါသကာ(ဥပါသကာကောင်း) ဟု ခေါ်သည်။ ဥပါသကာရတနာ(ဥပါသကရတန)၊ ဥပါသကာပဒုမာ(ဥပသကပဒုမ)၊ ဥပါသကာပုဏ္ဍရိတ် (ဥပါသကပုဏ္ဍရိက) ဟု ခေါ်သည်။

(Credit to Internet)

No comments:

Post a Comment