Greeting

Saturday, June 30, 2012

“ဗုဒ္ဓသာသနာတွင်သာရှိသော တရား ၁၀-ပါး”(Buddha In My Life)




                                   “ဗုဒ္ဓသာသနာတွင်သာရှိသော တရား ၁၀-ပါး”
 ပဌမသုတ်၊

ရဟန်းတို့ ထက်ဝန်းကျင် စင်ကြယ်ကုန်သော ထက်ဝန်းကျင် ဖြူစင်ကုန်သော ဤတရား ဆယ်မျိုးတို့သည် မြတ်စွာဘုရား၏ အဆုံးအမ {သာသနာတော်} မှ တစ်ပါး၌ မဖြစ်ကုန်။

အဘယ်ဆယ်မျိုးတို့နည်းဟူမူ -

၁။ မှန်ကန်သော အမြင်၊
၂။ မှန်ကန်သော အကြံအစည်၊
၃။ မှန်ကန်သော စကား၊
၎။ မှန်ကန်သော အလုပ်၊
၅။ မှန်ကန်သော အသက်မွေးမှု၊
၆။ မှန်ကန်သော လုံ့လ၊
၇။ မှန်ကန်သော သတိ၊
၈။ မှန်ကန်သောသမာဓိ၊
၉။ မှန်ကန်သော ဉာဏ်၊
၁၀။ မှန်ကန်သော လွတ်မြောက်မှုတို့တည်း။

ရဟန်းတို့ ထက်ဝန်းကျင် စင်ကြယ်ကုန်သော ထက်ဝန်းကျင် ဖြူစင်ကုန်သော ဤတရားဆယ်မျိုးတို့သည် မြတ်စွာဘုရား၏ အဆုံးအမ {သာသနာတော်} မှ တစ်ပါး၌ မဖြစ်ကုန်ဟု (မိန့်တော်မူ၏)။

                                     ( ၁ - ပဌမသုတ်၊ ပရိသုဒ္ဓ၀ဂ်၊ အဂုင်္တ္တိုရ်ပါဠိတော်။
  ) 

 
                                                 

                                     “ပုညကိရိယာဝတ္ထု (၁၀)ပါး”


မမေ့မလျော့ရှိပြီး ပွားများရမည့် ကုသိုလ်တရား (၁၀)ပါး ရှိလေ၏။ ထိုကုသိုလ်တရား (၁၀)ပါးကို စာရိတ္တအကျင့်တရား-ဟုလည်း ခေါ်လေသည်။ ပုညကိရိယာဝတ္ထု-ဟုလည်း ခေါ်၏။ ထို(၁၀)ပါးကား -

(၁) ဒါန - စွန့်ကြဲပေးကမ်း လှူဒါန်းခြင်း၊

(၂) သီလ - (၅)ပါး၊ (၈)ပါး အစရှိသည့် ရှောင်ကြဉ်မှုများကို စောင့်ထိန်းခြင်း၊

(၃) ဘာဝနာ - သမထ၊ ဝိပဿနာ ကမ္မဋ္ဌာန်းများ အားထုတ်ခြင်း၊

(၄) အပစာယန - ရိုသေ လေးစားထိုက်သူများအား ရိုသေ လေးစားခြင်း၊

(၅) ဝေယျာဝစ္စ - သူတစ်ပါးတို့၏ ကုသိုလ်ကိစ္စများ၌ ဝိုင်းဝန်းကူညီခြင်း၊

(၆) ပတ္ထိဒါန - မိမိ ကုသိုလ် ကောင်းမှုအဖို့ကို အမျှပေးဝေခြင်း၊

(၇) ပတ္တာနုမောဒနာ - သူတစ်ပါး ပြုသော ကောင်းမှု ကုသိုလ်အဖို့ကို ဝမ်းမြောက်သာဓုခေါ်ခြင်း၊

(၈) ဓမ္မသဝန - တရားနာခြင်း၊ တရားစာပေဖတ်ခြင်း၊ တရားစာပေ လေ့လာသင်ယူခြင်း၊

(၉) ဓမ္မဒေသနာ - တရားဟောခြင်း၊ တရားစာပေပို့ချခြင်း၊ တရားစာပေ ကျမ်းဂန်များ ရေးသားခြင်း၊

(၁၀) ဒိဋ္ဌိစုကမ္မ - ကံ၊ ကံ၏ အကျိုးမှစ၍ မဂ်ဖိုလ်နိဗ္ဗာန်တိုင်အောင် ယုံကြည်ချက် ရှိစွာဖြင့် ကောင်းသော အယူကို ဖြူစင် ဖြောင့်မှန်အောင် ပြုလုပ်ခြင်း။
                      

No comments:

Post a Comment